နာမည်ကြီးဇာတ်ကား The Terminal ရဲ့ တကယ့်အပြင်က ပုဂ္ဂိုလ်

(၁၉၈၈)ခုနှစ် သြဂုတ်လ ကနေ (၂၀၀၆)ခုနှစ် ဇူလိုင်လအထိ (၁၈) နှစ်တာကာလအတွင်း ပြင်သစ်နိုင်ငံတွင်းက ချားဒီဂေါလ် နိုင်ငံတကာလေဆိပ်အတွင်းမှာ ခရီးသွားတွေရင်းရင်းနှီးနှီး တွေ့ကြုံခဲ့တဲ့ အရာကတော့ လေဆိပ်အတွင်းက ဗိသုကာလက်ရာတွေ၊အပြင်အဆင်တွေမဟုတ်ပဲ ခရီးသွားတစ်ယောက်သာ ဖြစ်တယ်ဆိုရင် အံ့အားသင့်စရာဖြစ်ပါလိမ့်မယ်။ အဲဒီခရီးသွားနာမည်ကတော့ မရမ်ကာရီမီ နက်ဆာရီ (Mehran Karimi Nasseri) ဆိုသူဖြစ်ပြီး သူဟာ (၁၀)စုနှစ် နှစ်စုနီးပါး လေဆိပ်အတွင်းမှာပဲ နေထိုင်ခဲ့ရပါတယ်။

ယင်းဖြစ်ရပ်ဟာကြားသိရတဲ့သူအားလုံးအတွက် စိတ်ဝင်စားစရာဖြစ်ခဲ့ပြီး မည်သို့မည်ပုံဖြစ်လာသည်ဟူသော အကြောင်းအရာတွေဟာဆိုရင်လည်း ကမ္ဘာကျော် ဟောလိဝုဒ်ရုပ်ရှင် မင်းသားကြီး တွမ်ဟန့် ရဲ့ The Terminal အမည်ရနဲ့ရုပ်ရှင်ပိတ်ကားထက်ကိုရောက်ရှိလာခဲ့တဲ့အထိဖြစ်ခဲ့ပါတယ်။ လေဆိပ်အတွင်းမှာ ကိုယ့်နိုင်ငံကိုလည်း ပြန်ခွင့်မရ ရောက်နေတဲ့နိုင်ငံတွင်းလည်း ဝင်ခွင့်မရသူတယောက်ရဲ့ အဖြစ်အပျက်အစုံစုံကို မင်းသားကြီးတွမ်ဟန့်က ဒီဇာတ်ကားမှာ သရုပ်ဆောင်ပြခဲ့ပြီး တွမ်ဟန့်ရဲ့ အကောင်းဆုံးကားတွေထဲ တစ်ကားအပါအဝင်ဖြစ်ခဲ့ပါတယ်။

 

 

ကိုယ့်ကိုယ်ကို ဂရုစိုက်ပြီး ဘဝ အတွက် အကျိုးအများဆုံး ရယူရန် အရေးကြီးပါသည်။ အေa(၁၉၈၈)ခုနှစ် သြဂုတ်လ ကနေ (၂၀၀၆)ခုနှစ် ဇူလိုင်လအထိ (၁၈) နှစ်တာကာလအတွင်း ပြင်သစ်နိုင်ငံတွင်းက ချားဒီဂေါလ် နိုင်ငံတကာလေဆိပ်အတွင်းမှာ ခရီးသွားတွေရင်းရင်းနှီးနှီး တွေ့ကြုံခဲ့တဲ့ အရာကတော့ လေဆိပ်အတွင်းက ဗိသုကာလက်ရာတွေ၊အပြင်အဆင်တွေမဟုတ်ပဲ ခရီးသွားတစ်ယောက်သာ ဖြစ်တယ်ဆိုရင် အံ့အားသင့်စရာဖြစ်ပါလိမ့်မယ်။ ာက်တွင် သင်၏စိတ်ကျန်းမာရေးကို စောင့်ရှောက်ရန် လက်တွေ့ကျကျ နည်းလမ်းများရှိသည်။သင်နေထိုင်ပုံကို ရိုးရှင်းသော ပြောင်းလဲမှုများပြုလုပ်ခြင်းကို အချိန်များစွာ ယူရန်မလိုအပ်ပါ။ မည်သူမဆို ဤအကြံပေးချက်ကို လိုက်နာနိုင်ပါတယ်။

နက်ဆာရီ ဟာ(၁၉၇၀) ပြည့်နှစ်အစောပိုင်းကာလက United Kingdom မှာရှိတဲ့ Bradford တက္ကသိုလ်မှာပညာသင်ကြားခဲ့ပြီး အီရန်နိုင်ငံက ရှားဘုရင်ဆန့်ကျင်တဲ့ကျောင်းသား ဆန္ဒပြပွဲတွေမှာပါဝင်ခဲ့ပါတယ်။ ဒါကြောင့်အီရန်အာဏာပိုင်တွေရဲ့ပစ်မှတ်ထားတာကိုခံခဲ့ရပြီး သူအီရန်ကိုပြန်လာချိန်(၁၉၇၇)ခုနှစ်မှာတော့ ထောင်ဒဏ်အပြစ်ပေးခြင်းခံခဲ့ရပါတယ်။

ထောင်ကပြန်ထွက်လာချိန်မှာလည်း အစိုးရဆန့်ကျင်မှုနဲ့ နက်ဆာရီ ဟာပြည်နှင်ဒဏ်ပေးခြင်းခံခဲ့ရပြန်ပါတယ်။သူဟာကုလသမဂ္ဂရဲ့အကူအညီမရတဲ့အချိန်ကာလအထိတော့ ဥရောပနိုင်ငံတစ်ခုခုမှာ နိုင်ငံရေးခိုလှုံခွင့်ရနိုင်ဖို့ကြိုးစားခဲ့ပါတယ်။

ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးမှ နက်ဆာရီ ကို (၁၉၈၁)ခုနှစ်ရောက်ချိန်မှသာ နိုင်ငံရေးဒုက္ခသည်အဖြစ်အသိအမှတ်ပြုခဲ့ပြီး ဥရောပနိုင်ငံတွေမှာ နိုင်ငံရေးခိုလှုံခွင့်လျှောက်ထားနိုင်ခွင့်ရရှိခဲ့ပါတယ်။ သူ့ရဲ့အစီအစဉ်ကတော့ ဗြိတိန်ကို ပြန်သွားပြီး အခြေချနေထိုင်ဖို့ဖြစ်ပါတယ်။

 

ဒါပေမယ့် ကံဆိုးစွာနဲ့ပဲ ပြင်သစ်နိုင်ငံကိုရောက်ချိန်မှာနက်ဆာရီ ရဲ့ UN အသိအမှတ်ပြုဒုက္ခသည်ဖြစ်ကြောင်းအထောက်အထားစာရွက်စာတမ်းတွေပါတဲ့ လက်ဆွဲအိတ်တွေဟာ ပျောက်ဆုံးသွားခဲ့ပါတယ်။ ယင်းအထောက်အထားတွေ မပါတာကြောင့် ဗြိတိန်ကတာဝန်ရှိသူတွေ ဟာ နက်ဆာရီ ကိုပြင်သစ်နိုင်ငံကို သွားမယ့်ရထားထဲပြန်ထည့်ပေးခဲ့ပြီးနိုင်ငံတွင်းဝင်ရောက် ခွင့်မပြုခဲ့ပါဘူး။ ယင်းနောက်မှာတော့ နက်ဆာရီ ဟာပြင်သစ်ရဲတွေရဲ့ဖမ်းဆီးမှုကိုခံခဲ့ရပါတယ်။

 

ဒါပေမဲ့နောက်ဆုံးမှာတော့ လွတ်မြောက်သွားခဲ့ပါတယ်။ နက်ဆာရီ ဟာ သူ့ရဲ့ခိုလှုံခွင့်ရတဲ့ နိုင်ငံကိုပြန်လာတာကလွဲရင် ဥပဒေနဲ့မလွတ်ကင်းတဲ့ မည်သည့်အရာကိုမှ ပြုလုပ်ထားခြင်းမျိုးလည်းမရှိခဲ့တာကြောင့်လည်းဖြစ်ပါတယ်။ ဥပဒေအရနိုင်ငံတကာလေဆိပ်လိုနေရာတွေဟာ အပြည်ပြည်ဆိုင်ရာနယ်နိမိတ်တစ်ခုဖြစ်တာကြောင့် နက်ဆာရီ အတွက်လွတ်လပ်စွာလှုပ်ရှားနိုင်ပေမယ့် အထောက်အထားစာရွက်တွေ မရှိတော့တာကြောင့် သူအတွက် ယင်းလေဆိပ် ဧရိယာအပြင်ဘက်ကိုလည်း ထွက်နိုင်ဖို့ အခြေအနေမရှိခဲ့ပါဘူး။ ဒါအပြင် မိခင်အီရန်နိုင်ငံကလည်း သူ့ကို နိုင်ငံတကာ ဒုက္ခသည်စာရင်းထဲထည့်သွင်းလိုက်ပြီးဖြစ်ပါတယ်။ အီရန်နိုင်ငံသားအဖြစ်ကနေ တရားဝင် မဟုတ်တော့တဲ့သဘောမျိုးသက်ရောက်သွားခဲ့ပြန်တာကြောင့် နက်ဆာရီ ရဲ့အိမ်ပြန်လမ်းကဝေးသွားခဲ့တာဖြစ်ပါတယ်။

 

နက်ဆာရီ ဟာ ယင်းလေဆိပ်မှာပဲ ဆယ်နှစ်ကျော်လောက်သောင်တင်ပြီးချိန်၊ (၁၉၉၉) ခုနှစ်မှာတော့ ပြင်သစ်လူအခွင့်အရေးဆိုင်ရာရှေနေတစ်ယောက်ဖြစ်တဲ့ Bourguet ဆိုသူက သူ့အတွက်လိုအပ်တဲ့စာရွက်စာတမ်းတွေကို ဘယ်လ်ဂျီယံကနေ အီးမေးနဲ့ပြန်လည်အစားထိုးပေးခဲ့ပြီး ပြင်သစ် နဲ့ ဘယ်လ်ဂျီယံ နှစ်နိုင်ငံစလုံးက နိုင်ငံသားဖြစ်ခွင့်ပေးခဲ့ပါတယ်။ အံ့သြစရာကောင်းလောက်အောင်ပဲ နက်ဆာရီက ဒီအခွင့်အရေးကို ငြင်းပယ်ခဲ့ပါတယ်။ စာရင်းမှာ သူ့ကို အီရန်နိုင်ငံသားလို့ မသတ်မှတ်ပဲ ဗြိတိန်နိုင်ငံသားအဖြစ်သာ သတ်မှတ်ပြီး သူနှစ်သက်တဲ့ Sir Alfred Mehran ဆိုတဲ့နာမည်နဲ့သာ စာရင်းသွင်းစေချင်လို့ ဖြစ်ပါတယ်။

 

ယင်းဖြစ်ရပ်ကြောင့်တာဝန်ရှိသူတွေဘက်က နက်ဆာရီ ဟာ ရူးနှမ်းပြီးစိတ်ကစဉ့်ကလျားဖြစ်နေပြီလို့ သံသယဝင်ခဲ့ပြီး စောင့်ကြည့်မှုတွေပြုလုပ် လာခဲ့ပါတယ်။ နက်ဆာရီ ကတော့ လေဆိပ်ရဲ့ Terminal (1) အတွင်းမှာပဲဆက်လက်နေထိုင်ခဲ့ပြီး (၂၀၀၆)ခုနှစ်ရောက်ချိန်မှာတော့ အပြင်းအထန်နေမကောင်းဖြစ်ခဲ့တာကြောင့် ဆေးရုံတင်ခဲ့ရပါတယ်။ ဒါဟာ (၁၉၈၈)ခုနှစ်နောက်ပိုင်း နက်ဆာရီ အနေနဲ့ပထမဆုံး လေဆိပ်အပြင်ကိုထွက်ခဲ့တဲ့ခရီးစဉ်ဖြစ်ခဲ့ပြီး (၂၀၀၇)ခုနှစ်မှာတော့ သူဟာဆေးရုံကနေ ဆင်းခဲ့ပြီး Charles de Gaulle လေဆိပ်မှာရှိတဲ့ ပြင်သစ်ကြက်ခြေနီအဖွဲ့ငယ် တစ်ခုရဲ့ ထိန်းသိမ်းစောင့်ရှောက်မှုအောက်မှာနေထိုင်ခဲ့ပါတယ်။ (၂၀၀၈)ခုနှစ်မှာတော့ ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့က ကုသိုလ်ဖြစ် ဂေဟာတစ်ခုမှာနေထိုင် ခွင့်ရခဲ့ကာ သူရဲ့လေဆိပ်တွင်းအကျဉ်းသားဘဝကနေ လွတ်မြောက်သွားခဲ့ပါတယ်။

၂၀၀၃ ခုနှစ်မှာတော့ သူ့ရဲ့ဖြစ်ရပ်ကို ရုပ်ရှင်အဖြစ် ရိုက်ကူးခဲ့တာကြောင့် မူပိုင်ခွင့်အနေနဲ့ ဒေါ်လာ ၂၅၀၀၀၀ ရရှိခဲ့ပါသေးတယ်။ ဒါပေမယ့် တကယ့်ရုပ်ရှင်ရိုက်တဲ့အခါမှာတော့ အခက်အခဲအမျိုးမျိုးကြောင့် သူ့ဖြစ်စဉ်တွေကို တိုက်ရိုက်ရိုက်ကူးခွင့်မရခဲ့ပဲ အချို့ကိုပြောင်းလဲရိုက်ကူးခဲ့ရပါတယ်။ သင့်တော်တဲ့ရိုက်ကွင်းတည်ဆောက်ဖို့ မလွယ်ကူတာကြောင့် ကနေဒါက Montréal-Mirabel လေဆိပ်မှာပဲ ရိုက်ကူးခဲ့ရပါတယ်။ ဒီဇာတ်ကားဟာ အမေရိကန်ဒေါ်လာ သန်း ၂၂၀ နီးပါး ရရှိခဲ့တဲ့အထိ အောင်မြင်ခဲ့ပါတယ်။

နက်ဆာရီ ဟာ ချားဒီဂေါလ် လေဆိပ်ရဲ့ Terminal 1 အတွင်းနေထိုင်ခဲ့တဲ့ (၁၈) နှစ်တာကာလလုံး စာဖတ်ခြင်း၊စာရေးခြင်းနဲ့ သူသင်ကြားခဲ့တဲ့ စီးပွားရေးဆိုင်ရာဘာသာရပ်တွေကို လေ့လာမှုတွေကိုသာပြုလုပ်နေခဲ့ပါတယ်။ အစားအသောက်အတွက်ကတော့ လေဆိပ်ဝန်ထမ်းတွေ၊ သူ့ကိုတွေ့ဆုံဖို့ကြိုးစားတဲ့ သတင်းသမားတွေဆီကနေ ရရှိခဲ့ပါတယ်။ ဒါအပြင် သတင်းစာ၊ဂျာနယ်များစွာကိုလည်း နက်ဆာရီ ထံနှစ်နဲ့ချီပို့ဆောင်ပေးခဲ့သူတွေလည်းရှိခဲ့ပါတယ်။ နက်ဆာရီ ရဲ့ဖြစ်ရပ်ဟာ နိုင်ငံတကာခရီးသွားတွေအတွက် ဆင်ခြင်စရာဖြစ်ခဲ့ပြီး ပတ်စပို့အပါအဝင်မိမိနဲ့ သက်ဆိုင်တဲ့ စာရွက်စာတမ်းတွေဟာ အရေးအကြီးဆုံးဖြစ်ကြောင်း ပြသခဲ့ပါတယ်။

Photo:ScreenCrush

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်းကြည့်ရှုနိုင်ရန်  Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး လိုက်ခ် နဲ့ ဖောလိုး လေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။