Microsoft Defender က Windows ၊ macOS ၊ iOS နှင့် Android တို့မှာ ရပြီ

Image: Microsoft

Microsoft က Windows ၊ macOS ၊ iOS နှင့် Android တို့မှာ Defender cybersecurity app အသစ်ကို ယနေ့မှာ ထွက်ရှိ ခဲ့ပါတယ်။ ဆော့ဖ်ဝဲလ်ကုမ္ပဏီကြီးက ၎င်းရဲ့ ဗိုင်းရပ်စ် နှိမ်နင်း ကာကွယ်ရေး ( antivirus protection ) အတွက် နှစ်အတော် ကြာအောင် အသုံးပြုထား သော်လည်း၊ ဒီ cross-platform Microsoft Defender app အား လူတစ်ဦးချင်းစီ အတွက် ရိုးရှင်းသော dashboard တစ်ခု အနေဖြင့် ဒီဇိုင်း ထုတ်ထားပြီး လက်ရှိ antivirus software ထဲသို့ taps ( သို့မဟုတ် ) အပို device protections တွေ ပေးထား ပါတယ်။

Microsoft Defender က ယနေ့မှာ Microsoft 365 Personal နှင့် Family subscribers တွေ အတွက် ရနိုင်မှာ ဖြစ်ပြီး လုပ်ဆောင်ချက်တွေက platform အလိုက် ကွဲပြားမှာပဲ ဖြစ်ပါတယ် ။

ဥပမာ အားဖြင့်၊ iOS နှင့် iPadOS မှာ ၊ ဗိုင်းရပ်စ်ကာကွယ်မှု (antivirus protection) မပါရှိပါဘူး။ App က အခြား စက်ပစ္စည်းတွေ အတွက် သတိပေးချက်တွေ ပါဝင်တဲ့ dashboard နှင့်အတူ web phishing protections အချို့ကို ပေးထားပါတယ်။

Android ပေါ်မှာ Microsoft Defender က antivirus protection နှင့် အန္တရာယ်ရှိသေ apps တွေကို scan ဖတ်ပြီး စစ်ဆေးနိုင်မှုလည်း ပါဝင် ပါတယ်။ app က web phishing protection ပေးဆောင်ဖို့ scan တွေကို scan ဖတ်ပါမှာပဲ ဖြစ်ပါတယ်။ Windows ရှိ Microsoft Defender က built-in Windows Security App ကို အစားထိုးဖို့ ကြိုးပမ်းခြင်းထက် dashboard တစ်ခု ကဲ့သို့ ပို၍ လုပ်ဆောင်ပါတယ် ။ Norton၊ McAfee (သို့မဟုတ်) အခြား ရောင်းချသူတွေ ထံမှ ရှိပြီးသား antivirus protection ကို ကြည့်ရှုနိုင်ပြီး စက်ပစ္စည်းများအားလုံး လုံခြုံရေး အကာအကွယ်တွေကို စီမံ ခန့်ခွဲ ကြည့်ရှုနိုင်ပါတယ်။

Microsoft Defender က အကြံပြုချက်တွေကို Windows နှင့် macOS တွင်သာ ရနိုင်သော်လည်း စက်အများအပြားရှိ လုံခြုံရေး သတိပေးချက်တွေ နှင့် အကြံပြုချက် တွေလည်း ပါဝင်ပါတယ် ။

App က လူအများအတွက် မလိုအပ်ဟု ခံစားရသော်လည်း ရိုးရှင်းတဲ့ dashboard တစ်ခုမှာ family members တွေ နှင့် စက်ပစ္စည်းများစွာကို ကာကွယ်လိုသူတွေအတွက် အသုံးဝင်မှာပဲ ဖြစ်ပါတယ် ။ Microsoft က နောက်ထပ် features တွေ ရှိလာမယ်ဟု ကတိပေးထားပါတယ်။

“တစ်ဦးချင်းစီအတွက် Microsoft Defender နှင့်အတူ ကျွန်ုပ်တို့ရဲ့ လုံခြုံရေးအစုစုကို တိုးချဲ့ခြင်းက လုံခြုံရေးကုမ္ပဏီ တစ်ခုအနေဖြင့် ကျွန်ုပ်တို့ရဲ့ ခရီးမှာ သဘာဝနှင့် စိတ်လှုပ်ရှားဖွယ် တိုးတက်မှုဖြစ်ပါတယ် ” ဟု Microsoft လုံခြုံရေး ကော်ပိုရိတ်ရဲ့ ဒုတိယဥက္ကဋ္ဌ Vasu Jakkal က ပြောကြားခဲ့ပါတယ် ။ “ဒါက အစပဲရှိသေးတယ်။ ကျွန်ုပ်တို့ မျှော်လင့်ထားတဲ့အတိုင်း၊ အထောက်အထားခိုးယူမှု ကာကွယ်ရေးနှင့် လုံခြုံသောအွန်လိုင်းချိတ်ဆက်မှု ကဲ့သို့သော features များအပါအဝင် dashboard တစ်ခုတည်းအောက်မှာ ပိုများတဲ့ ကာကွယ်မှုတွေကို ဆက်လက် ဆောင်ကြဉ်း ပေးပါမယ်။” ဟု Microsoft လုံခြုံရေး ကော်ပိုရိတ်ရဲ့ ဒုတိယဥက္ကဋ္ဌ Vasu Jakkal က ထပ်ပြီး ပြောကြားခဲ့ပါတယ် ။

Microsoft Defender on iOS. Image: Microsoft

Reference: The Verge

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန် Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။