ဝက်ခြံနဲ့ဝက်ခြံအမာရွတ်တွေသက်သာစေဖို့ ပူဒီနံရဲ့ အသုံးဝင်ပုံ
ဝက်ခြံတွေ အမာရွတ်တွေကြောင့်စိတ်ညစ်နေတယ်။ သက်သာအောင်လုပ်ဖို့ကလည်း သဘာဝပစ္စည်းတွေလိုပဲ စိတ်ချရပါ့မလား?
ဒါဆိုရင် ဒီဆောင်းပါးလေးက သင့်အတွက်အသုံးဝင်စေမှာသေချာပါတယ်။ ဝက်ခြံ နဲ့ ဝက်ခြံအမာရွတ်တွေကို သက်သာစေမယ့် သဘာဝပစ္စည်းလေးတစ်ခုရှိပါတယ်။ ဒါကတော့ အသုပ်တွေ မုန့်ဟင်းခါးတွေထဲထည့်စားလေ့ရှိတဲ့ ပူဒီနံဖြစ်ပါတယ်။
ပူဒီနံရဲ့ အသားအရေအကျိုးပြုပုံ
ပူရှိန်းရှိန်း၊ အနံ့မွှေးမွှေးလေးကို ပိုင်ဆိုင်ထားတဲ့ ပူဒီနံရွက်လေးက
- ချွေးပေါက်တွေကို ပွင့်စေတယ်။
- ဘက်တီးရီးယားကိုဖယ်ရှားပေးတယ်။
- ဝက်ခြံတွေကို ခြောက်ပြီး အနာကျက်မြန်စေပါတယ်။
- ညစ်ညမ်းမှုတွေကြောင့်အသားအရည်ထိခိုက်မှုတွေကနေ ကာကွယ်ပေးတယ်။
- အရေပြားကို အာဟာရစုပ်ယူမှုအားကောင်းအောင်လုပ်ပေးတယ်။
ဝက်ခြံတွေ အမာရွတ်တွေကြောင့်စိတ်ညစ်နေတယ်။ သက်သာအောင်လုပ်ဖို့ကလည်း သဘာဝပစ္စည်းတွေလိုပဲ စိတ်ချရပါ့မလား?ဒါဆိုရင် ဒီဆောင်းပါးလေးက သင့်အတွက်အသုံးဝင်စေမှာသေချာပါတယ်။ ဝက်ခြံ နဲ့ ဝက်ခြံအမာရွတ်တွေကို သက်သာစေမယ့် သဘာဝပစ္စည်းလေးတစ်ခုရှိပါတယ်။
ပူဒီနံနဲ့ ပျားရည်
ရေစင်အောင်ဆေးထားတဲ့ ပူဒီနံ ၁၀ ရွက်ကနေ ၁၅ ရွက်ကို ကြိတ်ခြေပါ။ ပြီးရင် ပျားရည်လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာနဲ့ ရောပြီး မွှေပါ။ ရလာတဲ့အရောကို သန့်စင်ထားတဲ့ မျက်နှာပေါ်မှာ လိမ်းပြီး ၁၅ မိနစ်ထားပါ။ ပြီးရင် ရေနွေးနွေးလေးနဲ့ ဆေးချလိုက်ပါ။တစ်ပတ်ကို တစ်ကြိမ်ပုံမှန်လုပ်ပေးပါ။
ပူဒီနံနဲ့ရေ
ရေစင်အောင်ဆေးထားတဲ့ ပူဒီနံ ၁၀ ရွက်ကနေ ၁၅ ရွက်ကို ကြိတ်ခြေပါ။ ပြီးရင် ရေသန့်လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာနဲ့ ရောပြီး မွှေပါ။ ရလာတဲ့အနှစ်ကို သန့်စင်ထားတဲ့ မျက်နှာပေါ်မှာ လိမ်းပြီး ၁၅ မိနစ်ထားပါ။ ပြီးရင် ရေနွေးနွေးလေးနဲ့ ဆေးချလိုက်ပါ။
နေ့စဉ် လုပ်ပေးလို့ရပါတယ်။
ပူဒီနံနဲ့ Rose Water
ရေစင်အောင်ဆေးထားတဲ့ ပူဒီနံ ၁၀ ရွက်ကနေ ၁၅ ရွက်ကို ကြိတ်ခြေပါ။ ပြီးရင် rose water လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာနဲ့ ရောပြီး မွှေပါ။ ရလာတဲ့အရောကို သန့်စင်ထားတဲ့ မျက်နှာပေါ်မှာ လိမ်းပြီး ၁၅ မိနစ်ထားပါ။ ပြီးရင် ရေအေးလေးနဲ့ ဆေးချလိုက်ပါ။တစ်ပတ်တစ်ကြိမ်လုပ်ပေးပါ။
ပူဒီနံ၊သံပရာရည်၊ သံလွင်ဆီ
ရေစင်အောင်ဆေးထားတဲ့ ပူဒီနံ ၁၀ ရွက်ကနေ ၁၅ ရွက်ကို ကြိတ်ခြေပါ။ ပြီးရင် သံလွင်ဆီလက်ဖက်ရည်ဇွန်း ဇွန်းတစ်ဝက်စာ၊ သံပုရာရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာနဲ့ ရောပြီး မွှေပါ။ ရလာတဲ့အရောကို သန့်စင်ထားတဲ့ မျက်နှာပေါ်မှာ လိမ်းပြီး ၁၅ မိနစ်ထားပါ။ ပြီးရင် ရေအေးလေးနဲ့ ဆေးချလိုက်ပါ။တစ်ပတ်တစ်ကြမ် လုပ်ပေးရုံပါ။
ပူဒီနံ၊ ပင်စိမ်း နှင့် ရှားစောင်းလက်ပက်
ရေစင်အောင်ဆေးထားတဲ့ ပူဒီနံ ၁၀ ရွက်ကနေ ၁၅ ရွက်၊ ပင်စိမ်း ၁၀ ရွက် ကနေ ၁၂ ရွက်ကို ကြိတ်ခြေပါ။ ပြီးရင် ရှားစောင်းလက်ပပ် အနှစ်လက်ဖက်ရည်ဇွန်း ဇွန်းတစ်ဇွန်းစာနဲ့ ရောပြီး မွှေပါ။ ရလာတဲ့အရောကို သန့်စင်ထားတဲ့ မျက်နှာပေါ်မှာ လိမ်းပြီး ၁၅ မိနစ်ထားပါ။ ပြီးရင် ရေအေးလေးနဲ့ ဆေးချလိုက်ပါ။တစ်ပတ်တစ်ကြမ် လုပ်ပေးရုံပါ။
ဒီလိုလေးတွေလုပ်ပေးတာက အသားအရေပေါ်က ဘက်တီးရီးယားတွေကို အထိရောက်ဆုံး ဖယ်ရှားပေးပြီး ဝက်ခြံနဲ့ ဝက်ခြံအမာရွတ်တွေကို သက်သာစေမှာပါ။
Source : HelloSayarwon
သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်းကြည့်ရှုနိုင်ရန် Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး လိုက်ခ် နဲ့ ဖောလိုး လေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။