ကမ္ဘာကြီးထက် သက်ရှိများဖြစ်ထွန်းရန် ပိုမိုသင့်လျော်သော ဂြိုဟ်များ
ကျွန်တော်တို့ နေထိုင်ရာ ကမ္ဘာကြီးပေါ်မှာဆိုရင်တော့ အရည်ရေ(liquid water) ရှိတဲ့နေရာတိုင်းမှာ သက်ရှိဖြစ်ထွန်းနေပါတယ်။ ဒါကြောင့် သိပ္ပံပညာရှင်များဟာလည်း ဒီလိုအခြေအနေများကို သက်ရှိများဖြစ်ထွန်းရန် ပိုမိုသင့်လျော်သော ဂြိုဟ်များ စကြဝဠာအတွင်း အခြားသက်ရှိများကို ရှာဖွေရာမှာ စံနမူနာထားပြီး အသုံးပြုလေ့ရှိပါတယ်။ ဒီလို အရည်ရေ များ ဖြစ်နေဖို့ဆိုရင် မပူလွန်း မအေးလွန်းတဲ့ အခြေအနေမျိုး ရှိရမှာဖြစ်ပြီး ဂြိုဟ်တစ်လုံးက သူ့မိခင်ကြယ်ရဲ့ မနီးမဝေးနေရာမှာ ဖြစ်နေလိမ့်မယ်လို့ ယူဆရပါမယ်။ ဒီလိုနေရာများကို Goldilocks zones လို့လည်း ခေါ်ပါတယ်။တတိယအကြိမ်အဖြစ် ထုတ်ဝေသော သာထက်အောင်၏ သိပ္ပံအက်ဆေးစာအုပ်အား အွန်လိုင်းမှတစ်ဆင့် အိုင်တိုင်ရာရောက် မှာယူရန် ပုံအား နှိတ်၍ ဖောင်ဖြည့်နိုင်ပါသည်။
“ကျွန်တော်တို့ဟာ ကမ္ဘာနဲ့ ဆင်တူမယ့် mirror-earth လို ဂြိုဟ်မျိုးကိုပဲ စူးစိုက်ရှာဖွေနေတာကြောင့် ပိုမို သက်ရှိဖြစ်ထွန်းနေနိုင်မယ့် ဂြိုဟ်များကို အမှတ်တမဲ့ ဖြစ်သွားနိုင်ပါတယ်” လို့ Washington State University မှ နက္ခတ်ဇီဝဗေဒပညာရှင်တစ် ဦးဖြစ်သူ Dirk Schulze-Makuch က ပြောကြားခဲ့ပါတယ်။လက်ရှိအချိန်အထိမှာတော့ သက်ရှိများ ဖြစ်ထွန်းနေတဲ့ တစ်ခုတည်းသော နေရာဟာ ကမ္ဘာပဲ ဖြစ်နေပါသေးတယ်။ ဒါပေမယ့် ကမ္ဘာလိုပဲ သက်ရှိများ ဖြစ်ထွန်း နေထိုင်ဖို့အတွက် အလွန်သင့်လျော်တဲ့ အခြားသော ဂြိုဟ်များ ရှိနေသေးတယ်လို့လည်း သိပ္ပံပညာရှင်များက ယုံကြည်နေကြပါတယ်။
လက်ရှိအချိန်အထိမှာတော့ သက်ရှိများ ဖြစ်ထွန်းနေတဲ့ တစ်ခုတည်းသော နေရာဟာ ကမ္ဘာပဲ ဖြစ်နေပါသေးတယ်။ ဒါပေမယ့် ကမ္ဘာလိုပဲ သက်ရှိများ ဖြစ်ထွန်း နေထိုင်ဖို့အတွက် အလွန်သင့်လျော်တဲ့ အခြားသော ဂြိုဟ်များ ရှိနေသေးတယ်လို့လည်း သိပ္ပံပညာရှင်များက ယုံကြည်နေကြပါတယ်။ တစ်ချို့သော ဂြိုဟ်များဆိုရင် “super-habitable” အခြေအနေများဖြစ်ကြပြီး ကမ္ဘာထက်ကို ပိုမိုကောင်းမွန်တဲ့ အခြေအနေများ ပိုင်ဆိုင်နေကြနိုင်တယ်လို့ ဆိုပါတယ်။
အခုလို super-habitable ဂြိုဟ်များကို ရှာဖွေဖို့အတွက် သိပ္ပံပညာရှင်များဟာ Kepler အာကာသတယ်လီစကုတ်က စုဆောင်းခဲ့တဲ့ အချက်အလက်များကို ပြန်လည် မွှေနှောက်ခဲ့ကြပါတယ်။ ဒီထဲမှာဆိုရင် ဂြိုဟ်အဖွဲ့အစည်းပေါင်း ၄၅၀၀ ခန့်ရဲ့ အချက်အလက်များ ပြည့်ပြည့်စုံစုံ ပါဝင်ပါတယ်။
ကျွန်တော်တို့ နေမင်းကြီးလို ကြယ်ဝါပု(yellow dwarf star) အမျိုးအစားများကိုသာမကပဲ ပိုမို အပူချိန် လျော့နည်း၊ မှိန်ပြပြီး ဒြပ်ထုနည်းပါးသော ကြယ်များဖြစ်ကြတဲ့ လိမ္မော်ရောင်ကြယ်ပု(orange dwarf stars) များကိုပါ လေ့လာခဲ့ကြပါတယ်။ ကျွန်တော်တို့ နေမင်းကြီးလိုမျိုး ကြယ်အမျိုးအစားဟာ သက်တမ်းအားဖြင့် နှစ်ပေါင်း ၁၀ ဘီလီယံပတ်ဝန်းကျင်ခန့် ရှိကြပြီး လိမ္မော်ရောင်ကြယ်ပုအမျိုးအစားကတော့ နှစ်ပေါင်း ၂၀ ဘီလီယံကနေ ၇၀ ဘီလီယံအထိ ရှိတတ်ကြပါတယ်။
ကမ္ဘာပေါ်မှာဆိုရင် အခုလက်ရှိ သက်ရှိများလို ရှုတ်ထွေးတဲ့သက်ရှိ(complex organism) များ မျိုးဆင့်ဖြစ်တည်လာဖို့အတွက် နှစ်ပေါင်း ၃.၅ ဘီလီယံခန့် အချိန်ယူခဲ့ရတာဖြစ်တာကြောင့် ဒီ လိမ္မော်ရောင်ကြယ်ပု များဘေးမှာဆိုရင် ပိုမို ရှုတ်ထွေးပြီး ကျယ်ပြန့်တဲ့ သက်ရှိများ ဖြစ်ပေါ်လာဖို့ အချိန် ပိုရနိုင်ပါတယ်။ ပြီးတော့ နဂါးငွေ့တန်းဂလက်ဆီအတွင်းမှာဆိုရင်လည်း လိမ္မော်ရောင်ကြယ်ပုများဟာ ကြယ်ဝါပုများထက် ၅၀% ခန့် ပိုမို များပြားကြပါတယ်။
သက်တမ်းပိုရင့်တဲ့ ဂြိုဟ်များဟာ သက်ရှိများ မျိုးဆင့်ဖြစ်ထွန်းဖို့အတွက် အခွင့်အရေးပိုပေးပါလိမ့်မယ်။ ကမ္ဘာကြီးဟာ နှစ်ပေါင်း ၄.၇ ဘီလီယံပတ်ဝန်းကျင်ခန့် ရှိပြီဖြစ်တာကြောင့် အလားတူ သက်ရှိဖြစ်ထွန်းဖို့ အခွင့်အရေးရှိတဲ့ ဂြိုဟ်များဟာ နှစ်ပေါင်း ၅ ဘီလီယံနဲ့ ၈ ဘီလီယံကြားမှာဆိုရင် အကောင်းဆုံး သက်တမ်းဖြစ်နေနိုင်တယ်လို့ သိပ္ပံပညာရှင်များက ယူဆထားပါတယ်။
ဒါတင်မကသေးပဲ ဂြိုဟ်ရဲ့ အရွယ်အစားနဲ့ ဒြပ်ထုတို့ကလည်း သက်ရှိများအတွက် အရေးပါပါသေးတယ်။ ကမ္ဘာထက် ၁၀% ခန့် ပိုမို ကျယ်ပြန့်မယ့် ဂြိုဟ်များဟာ သက်ရှိများအတွက် ပိုမို အခွင့်သာစေနိုင်ပါတယ်။ ကမ္ဘာထက် ၁.၅ ဆခန့် အရွယ်အစားပိုမိုကြီးမားမယ့် ဂြိုဟ်များဟာ အတွင်းပိုင်းက အပူချိန်ကို ပိုမို ထိန်းသိမ်းထားနိုင်တာကြောင့် ဂြိုဟ်အူတိုင်(core) အတွင်းမှာ ချော်ရည်ပူများ ပိုမိုလည်ပတ်နေစေပြီး ပိုမိုကောင်းမွန်တဲ့ သံလိုက်စက်ကွင်းကို ပိုင်ဆိုင်နေနိုင်ပါတယ်။ (ဒီသံလိုက်စက်ကွင်းများဟာ စကြဝဠာအတွင်းက သက်ရှိများအတွက် အန္တရာယ်ဖြစ်စေတဲ့ လှိုင်းများ၊ flare များထံကနေ ကာကွယ်ပေးကြပါတယ်။)
ပြီးတော့ ဒြပ်ထုပိုမိုကြီးမားတဲ့ ဂြိုဟ်များဟာ ပိုမိုကြီးမားတဲ့ ဆွဲငင်အားကို ပိုင်ဆိုင်ကြတာကြောင့် သူ့ရဲ့ လေထုကို ပိုမို အကျိုးရှိစွာ ထိန်းသိမ်းနိုင်လိမ့်မယ်လို့ ဆိုပါတယ်။ပြီးတော့ ကမ္ဘာရဲ့ ပျမ်းမျှအပူချိန်ထက် ၅ ဒီဂရီဆဲလ်စီးယပ်စ် ခန့် ပိုမို နွေးနိုင်တဲ့ ဂြိုဟ်များဟာ သက်ရှိများ ဖြစ်ထွန်းဖို့အတွက် ပိုမို သင့်လျော်ပါတယ်။ ပိုမိုများပြားတဲ့ အပူပိုင်းဒေသများကို ပိုင်ဆိုင်နိုင်တာကြောင့် ဇီဝမျိုးကွဲများကို ပိုမို မွေးထုတ်ပေးနိုင်ပါလိမ့်မယ်။
ပြီးတော့ နောက်တစ်ချက်က ကမ္ဘာလိုပဲ ကုန်းမြေပမာဏ (ဧရီယာ) ပိုင်ဆိုင်ပြီး ပိုမိုအသေးစိတ်တဲ့ တိုက်များ ကွဲပြားနေရင် သက်ရှိများအတွက် ပိုမို သင့်လျော်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း သန်း ၅၀၀ ခန့်ကဆိုရင် ကမ္ဘာရဲ့ တိုက်ကြီးတစ်ခုဖြစ်ခဲ့တဲ့ Gondwana တိုက်ကြီးဟာ လွန်စွာ ကြီးမားနေတာကြောင့် သူ့အတွင်းပိုင်းဟာ သမုဒ္ဒရာများနဲ့ လွန်စွာ ဝေးကွာနေပါတယ်။ အဆိုပါ အတွင်းပိုင်းမှာဆိုရင် ကန္တာရများစွာ ရှိနေပြီး သက်ရှိများအတွက် အခွင့်အရေး မသာခဲ့ပါဘူး။
နောက်တစ်ချက်ကတော့ ကမ္ဘာပေါ်မှာဆိုရင် ရေတိမ်ပိုင်းများဟာ ပိုမိုနက်နဲတဲ့ သမုဒ္ဒရာများထက် ဇီဝမျိုးစိတ် ပေါများနေပါတယ်။ ဒါကြောင့် ရေတိမ်ပိုင်း ပေါကြွယ်ဝတဲ့ ဂြိုဟ်များဟာ အခွင့်အရေး သာနေပါလိမ့်မယ်။သုတေသီများဟာ ဒီအချက်များစွာကို ထည့်သွင်းစဉ်းစားပြီးတော့ super-habitable ဂြိုဟ်များကို လေ့လာရှာဖွေခဲ့ကြပါတယ်။ ဒီထဲမှာဆိုရင်တော့ သတ်မှတ်ထားတဲ့ အချက်အလက်များနဲ့ အတိုက်ဆိုင်ဆုံး ဂြိုဟ်တစ်လုံးကို ရရှိခဲ့ပါတယ်။ KOI 5715.01 လို့ အမည်ပေးထားတဲ့ ဂြိုဟ်တစ်လုံးဖြစ်ပါတယ်။
သူဟာ သက်တမ်းအားဖြင့် နှစ်ပေါင်း ၅.၅ ဘီလီယံခန့် ရှိပြီးဖြစ်ပြီး ကမ္ဘာ့အချင်းထက် ၁.၈ ကနေ ၂.၄ ဆခန့် ကျယ်ဝန်းပါတယ်။ သူဟာ ကမ္ဘာမှ အလင်းနှစ် ၂၉၆၅ ခန့် ဝေးကွာတဲ့နေရာမှ လိမ္မော်ရောင်ကြယ်ပု တစ်လုံးကို လှည့်ပတ်နေပါတယ်။ သူ့ရဲ့ မျက်နှာပြင်အပူချိန်ဟာ ကမ္ဘာထက် ၂.၄ ဒီဂရီခန့် ပိုမိုလျော့နည်းနေပါတယ်။ ဒါပေမယ့် သူ့အတွင်းမှာ greenhouse ဓာတ်ငွေ့များ ပိုမိုများပြားနေမယ်ဆိုရင် အပူချိန်ကို ပိုမို ထိန်းသိမ်းနိုင်မှာဖြစ်တာကြောင့် သူဟာ super-habitable ဂြိုဟ်တစ်လုံးဖြစ်တယ်လို့ ဆိုပါတယ်။
ပြီးတော့ နောက်ထပ် ဂြိုဟ်တစ်လုံးလည်း ရှိပါသေးတယ်။ သူ့ကို KOI 55454.01 လို့ ခေါ်ပြီး သက်တမ်းအားဖြင့် နှစ်ပေါင်း ၆.၅ ဘီလီယံခန့် ရှိပါတယ်။ ကမ္ဘာ့အချင်းထက် ၀.၇၂ ကနေ ၁.၂၉ ဆခန့် ကျယ်ဝန်းပြီး ကမ္ဘာမှ အလင်းနှစ် ၇၀၀ ခန့်မှာ ကြယ်ဝါပု တစ်လုံးကို လှည့်ပတ်နေပါတယ်။ဒီဂြိုဟ်များအပါအဝင် သိပ္ပံပညာရှင်များအတွက် စိတ်ဝင်စားစရာ ဂြိဟ်ပေါင်း ၂၄ လုံးကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။ ဒီဂြိုဟ်များအားလုံးဟာ ကမ္ဘာမှ အလင်းနှစ် ၁၀၀ အထက် ဝေးကွာနေကြတာကြောင့် နာဆာရဲ့ Transiting Exoplanet Survey Satellite (TESS) အာကာသယာဉ်က ပိုမို ပြတ်သားတဲ့ ဓာတ်ပုံများ ရိုက်ယူဖို့ မစွမ်းနိုင်ပါဘူး။
ဒါပေမယ့် နောက်မကြာခင်လွှတ်တင်တော့မယ့် နာဆာရဲ့ James Webb Space Telescope နဲ့ ဥရောပအာကာသအေဂျင်စီ(ESA) ရဲ့ PLATO အာကာသတယ်လီစကုတ်တို့ကတော့ ဒီဂြိုဟ်များကို ပိုမိုအသေးစိတ်လေ့လာနိုင်ဖို့ အခွင့်အရေးပေးလိမ့်မယ်လို့ သုတေသီများက မျှော်လင့်နေပါတယ်။သုတေသီများက သူတို့ရဲ့ ဒီအသေးစိတ် လေ့လာမှုများအကြောင်းကို ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၈ ရက်နေ့တုန်းက Astrobiology ဂျာနယ်မှာ ဖော်ပြခဲ့တဲ့ စာတမ်းအတွင်း ဖော်ပြထားပါတယ်။
Source : Curiositymm
ကျွန်ုပ်တို့အား Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube တို့တွင်၀င် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပါသည်။